วันศุกร์ที่ 11 กรกฎาคม พ.ศ. 2557

ဖုန်းမှာ ဖွင့်ပြီး ရွတ်ဖတ်

ဖုန်းမှာ ဖွင့်ပြီး ရွတ်ဖတ်

ပူဇော်နိုင်စေရန်

ရည်ရွယ်ပြီး ဒီစာအုပ်လေးကို

ဖန်တီးဖြစ်တာပါ ။

အမှားအယွင်းတစ်စုံတစ်ရာ

ပါခဲ့လျှင်လည်း နားလည်

ခွင့်လွှတ်ပေးကြပါ ။


ဖြူးသားလေး



www,facebook.com/

phyutharlaygeneralnotes

http://phyutharlaykyawzinhein.

blogspot.com



_/|\_ နမော တဿ ဘဂ၀တော

အရဟတော သမ္မာသမ္ဗုဒ္ဓဿ _/|\_





_/|\_ဘုရားရှိခိုးရန်_/|\_

ဗုဒ္ဓံ ပူဇေမိ ။

ဗုဒ္ဓံ-မြတ်စွာဘုရားကို၊

ပူဇေမိ-ရှိခိုးပူဇော်ကန်တော့်ပါ၏

အရှင်ဘုရား။

ဓမ္မံ ပူဇေမိ။

ဓမ္မံ-တရားတော်မြတ်ကို၊

ပူဇေမိ-ရှိခိုးပူဇော်ကန်တော့်ပါ၏

အရှင်ဘုရား။

သံဃံ ပူဇေမိ။

သံဃံ-သံဃာတော်

အရှင်သူမြတ်အပေါင်းကို၊

ပူဇေမိ-ရှိခိုးပူဇော်ကန်တော့်ပါ၏အရှင်ဘုရား။




_/|\_ကန်တော့ချိုး_/|\_

သြကာသ သြကာသ သြကာသ၊

ကာယကံ ၀စီကံ မနာကံ၊

သဗ္ဗေဒေါသ ခပ်သိမ်းသော

အပြစ်တို့ကို ပျောက်ပါစေခြင်း

အကျိုးငှာ ပထမ ဒုတိယ တတိယ၊

တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင်

ဘုရားရတနာ၊ တရားရတနာ၊

သံဃာရတနာ

ရတနာမြတ်သုံးပါးတို့ကို

အရိုအသေ အလေးအမြတ်

လက်အုပ်မိုး၍ ရှိခိုးပူဇော်

ဖူးမြော်မာန်လျှော့

ကန်တော့ပါ၏ အရှင်ဘုရား။

ကန်တော့ရသောအကျိုးအားကြောင့်

အပါယ်လေးပါး၊ ကပ်သုံးပါး၊

ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊

ဝိပတ္တိတရားလေးပါး၊

ဗျသနတရား ငါးပါးတို့မှ

အခါခပ်သိမ်း

ကင်းလွတ်ငြိမ်းသည်ဖြစ်၍

မဂ်တရား ဖိုလ်တရား

နိဗ္ဗာန်တရားတ်ာမြတ်ကို

ရပါလို၏ အရှင်ဘုရား။





_/|\_သြကာသအဓိပ္ပါယ်_/|\_


သြကာသ -

ကန်တော့ပါရစေ၊

ခွင့်ပြုတော်မူပါ - ဟု ခွင့်တောင်းခြင်း။

ကံသုံးပါး

ကာယကံ=ကိုယ်ဖြင့် ပြစ်မှားမူ၊

ဝစီကံ=နူတ်ဖြင့် ပြစ်မှားမူ၊

မနောကံ = စိတ်ဖြင့် ပြစ်မှားမူ၊

သဗ္ဗဒေါသ

ကာယကံ ၀စီကံ

မနောကံအပြစ်များ၊

ကန်တော့ -

ရှိခိုးခြင်း၊ ပူဇော်ခြင်း၊

ဝန်ချခြင်း၊


_/|\_ငါးပါးသီလ

ဆောက်တည်ပုံ_/|\_

အဟံ ဘန္တေ တိသရဏေန သဟ

ပဉ္စသီလံ ဓမ္မံ ယာစာမိ၊

အနုဂ္ဂဟံ ကတွာ

သီလံ ဒေထ မေ ဘန္တေ။

ဒုတိယမ္ပိ အဟံ ဘန္တေ

တိသရဏေန သဟ

ပဉ္စသီလံ ဓမ္မံ ယာစာမိ၊

အနုဂ္ဂဟံ ကတွာ

သီလံ ဒေထ မေ ဘန္တေ။

တတိယမ္ပိ အဟံ ဘန္တေ

တိသရဏေန သဟ

ပဉ္စသီလံ ဓမ္မံ ယာစာမိ၊

အနုဂ္ဂဟံ ကတွာ

သီလံ ဒေထ မေ ဘန္တေ။

အာမ ဘန္တေ-ပါ အရှင်ဘုရား

နမော တဿ ဘဂဝတော

အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

(၃)ခေါက်ရွတ်ဆိုရန်။


ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။

ဓမ္မံ သရဏံ ဂစ္ဆာမိ။

သံဃံ သရဏံ ဂစ္ဆာမိ။


ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။

ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ။

ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ။

တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။

တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ။

တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ။

အာမ ဘန္တေ-ပါအရှင်ဘုရား။



_/|\__/|\__/|\__/|\__/|\_

၁။ ပါဏာတိပါတာ ဝေရမဏိ

သိက္ခာပဒံ သမာဒိယာမိ။

သူတစ်ပါးအသက်ကို

သတ်ခြင်းမှ ရှောင်ကြဉ်ပါမည်။

၂။ အဒိန္နာဒါနာ ဝေရမဏိ

သိက္ခာပဒံ သမာဒိယာမိ။

ပိုင်ရှင်မပေးသော

သူတစ်ပါးပစ္စည်းကို

ခိုးလိုသောစိတ်ဖြင့်ယူခြင်းမှ

ရှောင်ကြဉ်ပါမည်။

၃။ ကာမေသုမိစ္ဆာစာရာ ဝေရမဏိ

သိက္ခာပဒံ သမာဒိယာမိ။

သူတစ်ပါး သားမယားကို

ပစ်မှားခြင်းမှ

ရှောင်ကြဉ်ပါ့မည်။

၎။ မုသာဝါဒါ ဝေရမဏိ

သိက္ခာပဒံ သမာဒိယာမိ။

အလိမ်အညာမုသားစကားကို

ပြောဆိုခြင်းမှရှောင်ကြဉ်ပါမည်။

၅။ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ

ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

မူးယစ်စေတတ်သော

သေရည်,သေရက်ကို

သောက်သုံးခြင်းမှ

ရှောင်ကြဉ်ပါမည်။

အာမ ဘန္တေပါအရှင်ဘုရား။

_/|\__/|\__/|\__/|\__/|\_


“ဆွမ်းတော်ကပ်”

အရဟတာဒိ န၀ဂုဏေဟိ

အရဟံ-အစရှိသော

ကိုးပါးသောဂုဏ်တော်တို့နှင့်၊

သမ္ပန္နာဂတံ-ပြည့်စုံတော်မူသော၊

နာထံ-လူနတ်တို့၏

ကိုးကွယ်ရာဖြစ်တောမူသော၊

ဗုဒ္ဓံ- သက်တော်ထင်ရှား

သဗ္ဗညုမြတ်စွာဘုရားကို၊

ဥဒ္ဒိဿ- ရည်မှန်း၍၊

စေတိယဿ-

ဓာတုစေတီ ဓမ္မစေတီ

ဥဒ္ဒဿစေတီ

ပရိဘောဂ စေတီတော်မြတ်တို့အား၊

ဝဏ္ဏ ဂန္ဓ ရသ

သမ္ပန္နာဂတံ-အဆင်း

အနံ့ အရသာတို့နှင့်

ပြည့်စုံတော်မူသော။

ဣမံပိဏ္ဍပါတ ခါဒနိယ

ဘောဇနိယံ-ဤ ဆွမ်း ခဲဘွယ်

ဘောဇဉ် ချိုချဉ် အရသာ

အဖြာဖြာတို့ကို၊ သကစ္စံ-

ရိုရိုသေသေ၊

ဒေမိ- နိဗ္ဗာန်ရည်မှန်း

လှူဒါန်းပါ၏၊

ပူဇေမိ-နိဗ္ဗာန်ကိုမျှော်

ပူဇော်ပါ၏ အရှင်းဘုရား။

_/|\__/|\__/|\__/|\__/|\_

“ရေချမ်းကပ်“

သီတကံ- အေးမြလှစွာသော၊

ဣမံ ဥဒကံ-

ဤသောက်တော်ရေချမ်းကို။

သကစ္စံ-

ရိုရိုသေသေ၊

ဒေမိ- နိဗ္ဗာန်ရည်မှန်း

လှူဒါန်းပါ၏၊

ပူဇေမိ-နိဗ္ဗာန်ကိုမျှော်

ပူဇော်ပါ၏ အရှင်းဘုရား။

_/|\__/|\__/|\__/|\__/|\_

“ပန်းကပ်”

ဝဏ္ဏ ဂန္ဓ သမ္ပန္နာဂတံ-

အဆင်းအနံ့တို့နှင့်

ပြည့်စုံတော်မူသော၊

ဣမံ ပုပ္ဖံ- ဤပန်းကို။

သကစ္စံ-

ရိုရိုသေသေ၊

ဒေမိ- နိဗ္ဗာန်ရည်မှန်း

လှူဒါန်းပါ၏၊

ပူဇေမိ-နိဗ္ဗာန်ကိုမျှော်

ပူဇော်ပါ၏ အရှင်းဘုရား။

_/|\__/|\__/|\__/|\__/|\_

“ဆီမီးကပ်”

ဣမံ ဒီပဇာလံ-

ဤဆီမီးလျှံကို။

သကစ္စံ-

ရိုရိုသေသေ၊

ဒေမိ- နိဗ္ဗာန်ရည်မှန်း

လှူဒါန်းပါ၏၊

ပူဇေမိ-နိဗ္ဗာန်ကိုမျှော်

ပူဇော်ပါ၏ အရှင်ဘုရား။


_/|\_ဘုရားဂုဏ်တော်ကိုးပါး_/|\_

ဘုရားဂုဏ်တော်ကိုးပါးရဲ့

လိုရင်းအဓိပ္ပာယ်တွေကို

မြန်မာလို သိထားသင့်ပါတယ်။

အလွတ်ရအောင် ကျက်ထားပြီး

အနည်းဆုံး တစ်နေ့တစ်ခေါက်

ပါဠိလိုရော မြန်မာလိုပါ

ပွားများသွားမယ်ဆိုရင်

မေ့မှာလည်း မဟုတ်တော့ပါဘူး။

အကျိုးလည်း အင်မတန်ကြီးပါတယ်။

မြန်မာလူမျိုးတွေအနေနဲ့ မြန်မာလို

ဂုဏ်တော်ပွားတာ အကောင်းဆုံးပါပဲ။

အဓိပ္ပာယ် ရင်ထဲရောက်တဲ့အတွက်

ဘုရားကိုလည်း ပိုကြည်ညိုပါတယ်။

ဓာတ်ကောင်းတွေလည်း ပိုကူးစက်ပါတယ်။

တန်ခိုးသတ္တိလည်း ပိုထက်မြက်ပါတယ်။

မိတ်ဆွေတို့ ဒီဂုဏ်တော်ကိုးပါးကို

ကျက်မှတ်ရွတ်ဖတ်လို့ အန္တရာယ်ကင်းလို့

ဘေးရှင်းနိုင်ကြပါစေ။



{ ဘုရားဂုဏ်တော်ကိုးပါး }

# အရဟံ

ကိလေသာကင်းစင်တော်မှုသော မြတ်စွာဘုရား။

ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို

ပြုတော်မမှုသော မြတ်စွာဘုရား။

လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းနှင့်တကွ

လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တ၀ါအားလုံးတို့၏

ပူဇော်အထူးကို ခံယူထိုက်သော မြတ်စွာဘုရား။



# သမ္မာသမ္ဗုဒ္ဓေါ

သိစရာအားလုံးတို့ကို အမှန်အတိုင်း၊

ကိုယ်ပိုင်ဥာဏ်ဖြင့် သိတော်မှုသော

 မြတ်စွာဘုရား။



# ၀ိဇ္ဇာစရဏသမ္ပန္နော

အသိဥာဏ်ရော၊ အကျင့်ပါ

ပြည့်စုံတော်မှုသော မြတ်စွာဘုရား။

ဝိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါး၊

စရဏ တစ်ဆယ့်ငါးပါးနှင့်

ပြည့်စုံတော်မှုသော မြတ်စွာဘုရား။



# သုဂတော

ကောင်းသောစကားကို

ဆိုတော်မှုသော မြတ်စွာဘုရား။

မှန်ကန်၍ အကျိုးရှိသောစကားကို

ဆိုတော်မှုသော မြတ်စွာဘုရား။

ကောင်းသောနိဗ္ဗာန်သို့

ကြွတော်မှုသော မြတ်စွာဘုရား။



# လောက၀ိဒူ

လောကသုံးပါးကို

သိတော်မှုသော မြတ်စွာဘုရား။

သတ္တလောက၊ သြကာသလောက၊

သင်္ခါရလောက ဟုဆိုအပ်သော

လောကသုံးပါးကို သိတော်မှုသော

မြတ်စွာဘုရား။



# အနုတ္တရောပုရိသဒမ္မသာရထ
ဆုံးမထိုက်သော သတ္တ၀ါတို့ကို

အတုမရှိ ဆုံးမတော်မှုတတ်သော

 မြတ်စွာဘုရား။



# သတ္တာဒေ၀မနုဿာနံ

နတ်လူတို့၏ ဆရာတစ်ဆူ

ဖြစ်တော်မူသော မြတ်စွာဘုရား။

နတ်လူတို့အား ကောင်းရာကောင်းကြောင်း

 ညွှန်ပြတော်မှုသော မြတ်စွာဘုရား။



# ဗုဒ္ဓေါ

သစ္စာလေးပါးကို

ကိုယ်တိုင်းလည်း သိတော်မူ၊

သူတစ်ပါးတို့ကိုလည်း သိအောင်

ဟောတော်မှုသော မြတ်စွာဘုရား။

ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊

မဂ္ဂသစ္စာဟုဆိုအပ်သော

သစ္စာလေးပါးတို့ကို

ကိုယ်တိုင်လည်း သိတော်မူ

သူတစ်ပါးတို့ကို လည်း သိအောင်

ဟောတော်မှုသော မြတ်စွာဘုရား။

# ဘဂ၀ါ

ဘုန်းတော်ခြောက်ပါး နှင့်

ပြည့်စုံသော မြတ်စွာဘုရား။




_/|\_ပဋ္ဌာန်း (၂၄) ပစ္စည်း

ဘုရားရှိခိုး_/|\_


၁။ ဟေတု ပစ္စယော

ဟိတ်ကိုသိမြင် ဘုရားရှင်

ကြည်လင်ရှိခိုးပါ၏ဘုရား။

၂။ အရမ္ပဏ ပစ္စယော

အာရုံသိမြင် ဘုရားရှင်

ကြည်ရွှင်ရှိခိုးပါ၏ဘုရား။

၃။ အဓိပတိ ပစ္စယော

အကြီးအမှူး ဘုရားထူး

ကြည်နူးရှိခိုးပါ၏ဘုရား။

၎။ အနန္တရ ပစ္စယော

အခြားမရှိ တရားသိ

မုနိရှိခိုးပါ၏ဘုရား။

၅။ သမနန္တရ ပစ္စယော

ကောင်းစွာအခြားမရှိငြားသည့်

တရားသိ မုနိရှိခိုးပါ၏ဘုရား။

၆။ သဟဇာတ ပစ္စယော

အတူဖြစ်ပုံ အလုံးစုံ

သိဂုဏ်ရှိခိုပါ၏ဘုရား။

၇။ အညမည ပစ္စယော

အပြန်အလှန်တရားမှန်

သိဟန်ရှိခိုးပါ၏ဘုရား။

၈။ နိဿယ ပစ္စယော

မှီရာဖြစ်ပုံ အလုံးစုံ

သိဂုဏ်ရှိခိုးပါ၏ဘုရား။

၉။ ဥပနိဿယ ပစ္စယော

အားကြီးကြောင်းပင်သိတာမြင်

မြတ်ရှင်ရှိခိုးပါ၏ဘုရား။

၁၀။ ပုရေဇာတ ပစ္စယော

ရှေးဦးဖြစ်အင်သိတာမြင်

မြတ်ရှင်ရှိခိုးပါ၏ဘုရား။

၁၁။ ပစ္ဆာဇာတ ပစ္စယော

နောက်မှဖြစ်အင်သိတာမြင်

မြတ်ရှင်ရှိခိုးပါ၏ဘုရား။

၁၂။ အာသေ၀န ပစ္စယော

အထပ်ထပ်လဲမှီထုံဝဲ

သိမြင်ရှိခိုးပါ၏ဘုရား။

၁၃။ ကမ္မ ပစ္စယော

ကံအကြောင်းများသိမြင်ထား

မြတ်ဘုရားရှိခိုးပါ၏ဘုရား။

၁၄။ ၀ိပါက ပစ္စယော

ကံအကျိုးများသိမြင်ထား

မြတ်ဘုရားရှိခိုးပါ၏ဘုရား။

၁၅ ။ အာဟာရ ပစ္စယော

ထောက်ပံ့နိုင်စေတရားတွေ

သိနေရှိခိုးပါ၏ဘုရား။

၁၆။ ဣန္ဒြိယ ပစ္စယော

ဣနြေ္ဒများ သိဘုရား

မနားရှိခိုးပါ၏ဘုရား။

အစိုးရပုံ အလုံးစုံ

သိဂုဏ်ရှိခိုးပါ၏ဘုရား။

၁၇။ ဈာန ပစ္စယော

စူးစိုက်ရူတတ်တရားမြတ်

သိတတ်ရှိခိုးပါ၏ဘုရား။

၁၈။ မဂ္ဂ ပစ္စယော

ထွက်မြောက်ကြောင်းလမ်း

သိတတ်ဆန်း ရွှင်လန်းရှိခိုးပါ၏ဘုရား။

၁၉။ သမ္ပယုတ္တ ပစ္စယော

ယှဉ်တွဲဖြစ်ပုံ အလုံးစုံ

သိဂုဏ်ရှိခိုးပါ၏ဘုရား။

၂၀။ ၀ိပ္ပယုတ္တ ပစ္စယော

မယှဉ်မတွဲသိဂုဏ်လဲ

အမြဲရှိခိုးပါ၏ဘုရား။

၂၁။ အတ္ထိ ပစ္စယော

ထင်ရှားရှိပုံ အလုံးစုံ

သိဂုဏ်ရှိခိုးပါ၏ဘုရား။

၂၂။ နတ္ထိ ပစ္စယော

ထင်ရှားမရှိ လုံးစုံသိ

မုနိရှိခိုးပါ၏ဘုရား။

၂၃။ ၀ိဂတ ပစ္စယော

ကင်းကွာဖြစ်ပုံ အလုံးစုံ

သိဂုဏ်ရှိခိုးပါ၏ဘုရား။

၂၄။ အ၀ိဂတ ပစ္စယော

မကင်းကွာပုံ အလုံးစုံ

သိဂုဏ်ရှိခိုးပါ၏ဘုရား။



_/|\_ပဋ္ဌာန်း (၂၄) ပစ္စည်း

ဆုတောင်း_/|\_


၁။ ဟေတု ပစ္စယော

အကုသိုလ်ကင်း၍ ကုသိုလ်နှင့်

ယှဉ်တွဲပါစေသား။

၂။ အရမ္ပဏ ပစ္စယော

မျက်စိနှင့်နားသည် နိဗ္ဗာန်သို့

မျက်မှောက်ပြုရပါစေသား။

၃။ အဓိပတိ ပစ္စယော

ရုပ်နာမ်နှစ်ပါးကို

စောင့်ရှောက်ထိန်းသိမ်းရပါစေသား။

၎။ အနန္တရ ပစ္စယော

များလှစွာသော ကုသိုလ်ရေးများကို

မျက်မှောက်ပြုရပါစေသား။

၅။ သမနန္တရ ပစ္စယော

ရုပ်နှင့်နာမ်အတူရှိသော

တရားတို့ကိုမျက်မှောက်ပြုရပါစေသား။

၆။ သဟဇာတ ပစ္စယော

ရုပ်-ရုပ်ခြင်းသို့ နာမ်-နာမ်ခြင်း

ထင်ရှားစွာသိရပါစေသား။

၇။ အညမည ပစ္စယော

အပြန်အလှန်တရားမှန်

သိဟန်ရှိခိုးပါ၏ဘုရား။

၈။ နိဿယ ပစ္စယော

ရုပ်နာမ်နှစ်ပါးတို့၏

တည်ရာကိုသိရပါစေသား။

၉။ ဥပနိဿယ ပစ္စယော

ရတနာသုံးပါးကို

ဦးထိပ်ထားရပါစေသား။

၁၀။ ပုရေဇာတ ပစ္စယော

ရှေ့ကဖြစ်သောအကုသိုလ်ကိုပယ်၍

ကုသိုလ်ကိုမျက်မှောက်ပြုရ ပါစေသား။

၁၁။ ပစ္ဆာဇာတ ပစ္စယော

နောက်၌ဖြစ်သောအကုသိုလ်ကိုပယ်၍

ကုသိုလ်ကိုမျက်မှောက်ပြုရ ပါစေသား။

၁၂။ အာသေ၀န ပစ္စယော

လိုရာဆန္ဒမရှိအောင်

ပြည့်စုံရပါစေသား။

၁၃။ ကမ္မ ပစ္စယော

ကံသုံးပါးကို

ထိန်းသိမ်းရပါစေသား။

၁၄။ ၀ိပါက ပစ္စယော

ဝဋ်ကြွေးသုံးသွယ်ကို

ပယ်ဖျက်ရပါစေသား။

၁၅။ အာဟာရ ပစ္စယော

လိုရာကိုပြည့်စုံစွာ

ထောက်ပံ့နိုင်ကြပါစေသား။

၁၆။ ဣန္ဒြိယ ပစ္စယော

ရုပ်နာမ်ကိုထိန်းသိမ်းတတ်သော

ပညာနှင့် ပြည့်စုံရပါစေသား။

၁၇။ ဈာန ပစ္စယော

သူတော်ကောင်းတရားခုနှစ်ပါး၊

ဉာဏ်စဉ်ငါးပါးတို့နှင့်

ပြည့်စုံရပါစေသား။

၁၈။ မဂ္ဂ ပစ္စယော

ဘာဝနာ(၂)ပါးအပေါင်းကို

အာရုံပြု၍ အထွဋ်အထိပ်

ပညာကိုရပါစေသား။

၁၉။ သမ္ပယုတ္တ ပစ္စယော

သူတော်ကောင်းတို့နှင့်ပေါင်း၍

ခုနှစ်ဖြာသောတရားနှင့်

ယှဉ်တွဲရပါစေသား။

၂၀။ ၀ိပ္ပယုတ္တ ပစ္စယော

သူယုတ်မာနှင့် ဝေး၍

အကုသိုလ်တို့ ကင်းရှင်းရပါစေသား။

၂၁။ အတ္ထိ ပစ္စယော

သမုတိနယ်၌အသိကို

ဟုတ်မှန်စွာ သိရပါစေသား။

၂၂။ နတ္ထိ ပစ္စယော

ပရမတ္တမရှိတရား၏အသိကို

မျက်မှောက်ပြုရပါစေသား။

၂၃။ ၀ိဂတ ပစ္စယော

ရှေ့၌ပွင့်ကုန်ပြီးဖြစ်သော

ဘုရားတို့ကို ရှိခိုးရပါစေသား။

၂၄။ အ၀ိဂတ ပစ္စယော

ပွင့်လတ္တံ့သော ဘုရာတို့ကို

ရှိခိုးရပါစေသား။



_/|\_သံဃာဂုဏ်တော် (၉)ပါး_/|\_

သံဃာဂုဏ်တော် (၉)ပါး ပါဠိ

- သုပ္ပဋိပန္နော ဘဂ၀တော

   သာဝကသံဃော

- ဥဇုပ္ပဋိပန္နော ဘဂ၀တော

   သာဝကသံဃော

- ဉာယပ္ပဋိပန္နော ဘဂ၀တော

  သာဝကသံဃော

- သာမီစိပ္ပဋိပန္နော ဘဂ၀တော

သာဝကသံဃော

ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ

အဋ္ဌပုရိသပုဂ္ဂလာ ဧသ

ဘဂ၀တော သာဝကသံဃော

- အာဟုနေယျော

- ပါဟုနေယျော

- ဒက္ခိဏေယျော

- အဉ္ဖလိကရဏီယော

- အနုတ္တရံ ပုညက္ခေတ္တံ

လောကဿ။

အနက်အကျဉ်းချုပ်

(၁) ဘဂ၀တော၊ မြတ်စွာဘုရား၏။

သာဝကသံဃော၊ သမ္မုတိ၊ အရိယာ

နှစ်ဖြာသော တပည့်သား

သံဃာတော် အပေါင်းသည်။

သုပ္ပဋိပန္နော၊ သီလ - သမာဓိ

- ပညာ သိက္ခာ သုံးရပ်ကို

ကောင်းစွာ ကျင့်ကြံတော်မူတတ်ပါ၏။

(၂) ဘဂ၀တော၊ မြတ်စွာဘုရား၏။

သာဝကသံဃော၊ သမ္မုတိ၊အရိယာ

နှစ်ဖြာသော တပည့်သား

သံဃာတော် အပေါင်းသည်။

ဥဇုပဋိပန္နော၊ ရိုးသား ဖြောင့်မတ်စွာ

ကျင့်တော်မူတတ်ပါ၏။

(၃) ဘဂ၀တော၊ မြတ်စွာဘုရား၏။

သာဝကသံဃော၊ သမ္မုတိ၊ အရိယာ

နှစ်ဖြာသော တပည့်သား

သံဃာတော် အပေါင်းသည်။

ဉာယပ္ပဋိပန္နော၊ နိဗ္ဗာန်အလို့ငှာ

ကျင့်ကြံတော်မူတတ်ပါ၏။

(၄) ဘဂ၀တော၊ မြတ်စွာဘုရား၏။

သာဝကသံဃော၊ သမ္မုတိ၊ အရိယာ

နှစ်ဖြာသော တပည့်သား

သံဃာတော် အပေါင်းသည်။

သာမီစိပ္ပဋိပန္နော၊

အရိုအသေခံထိုက်အောင်

ကျင့်တော်မူတတ်ပါ၏။

ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ၊

မဂ်ဖိုလ်အားဖြင့်

ဤလေးပါးသော အစုံတို့သည်။

အဋ္ဌပုရိသပုဂ္ဂလာ၊

အရိယာ ပုဂ္ဂိုလ်ရှစ်ယောက်တို့

မည်ပါပေကုန်၏။

ဘဂ၀တော၊ မြတ်စွာဘုရား၏။

ဧသ - ဧသော သာဝကသံဃော၊

ဤလေးစုံရှစ်ပါး တပည့်သား

သံဃာတော်မြတ် အပေါင်းသည် -

(၅) အာဟုနေယျော၊

အဝေးမှ ဆောင်ယူ၍

လှူဒါန်းအပ်သော ပစ္စည်းတို့ကို

အလှူခံထိုက်၏။

(၆) ပါဟုနေယျော၊

ဧည့်သည်အတွက်အထူးစီမံထားသော

ပစ္စည်းတို့ကို အလှူခံထိုက်၏။

(၇) ဒက္ခိဏေယျော၊

ကံ - ကံ၏အကျိုးကို ယုံကြည်၍

လှူအပ်သော အလှူကိုလည်း

ခံယူတော်မူထိုက်ပါပေ၏။

(၈) အဉ္ဖလိကရဏီယော၊

လူနတ်ဗြဟ္မာတို့၏

လက်အုပ်ချီခြင်းကို

ခံယူတော်မူထိုက်ပါပေ၏။

(၉) လောကဿ၊

လူနတ်ဗြဟ္မာ သတ္တ၀ါအပေါင်း၏။

အနုတ္တရံ အတုမရှိမြတ်သော။

ပုညက္ခေတ္တံ၊ ကုသိုလ်မျိုးစေ့ကို

စိုက်ပျိုးချရာ

လယ်ယာမြေကောင်းသဖွယ်လည်း

ဖြစ်တော်မူပါပေ၏။



_/|\_သံဃာဂုဏ်တော်

ကဗျာ_/|\_

- ဘုရားရှင်တော် သားတော်များဟု၊

မှတ်သားခေါ်ရ သံဃာမည်။

တရားမူမှန် မပျက်စီးဖို့၊

သီးသီးဆောင်ရ ကျင့်ရသည်။

- သံဃာဆိုတာ နှစ်မျိုးရသည့်၊

ပရမတ္ထ သမ္မုတီ၊

တရားသိကာ ရိယာမြတ်မှ

ပရမတ္တ ခေါ်ရသည်။

- သမ္မုတိဆို ထိုသံဃာ့၌၊

ဆိုးကောင်းနှစ်ဝ ရှိကြသည်။

အကောင်းကိုသာ ကိုးကွယ်ကြဖို့၊

စိတ်က နိစ္စ ထားရမည်။

- အကောင်းတွေကို အသက်ပေးလို့၊

သာသနာရေး ဆောင်သင့်ပြီ။

မဆောင်နိုင်သော် ဘာသာပျက်၍၊

သာသနာသက် ဆုံးတော့မည်။

သံဃာဂုဏ် အာရုံပြုရကျိုး

သံဃာမြတ်ဂုဏ် အာရုံညွတ်လို့၊

မပြတ်မလပ် အောက်မေ့လျှင်။

အမြဲတမ်းသာ ကောင်းစွာနိုးလို့၊

ကြီးမားဖွံ့ဖြိုး အကျိုးထင်။



_/|\_တရားဂုဏ်တော် (၆)ပါး_/|\_

တရားဂုဏ်တော် (၆)ပါး ပါဠိ

- သွာက္ခာတော ဘဂ၀တာ ဓမ္မော

- သန္ဒိဌိကော

- အကာလိကော

- ဧဟိပဿိကော

- သြပနေယျိကော

- ပစ္စတ္တံ ဝေဒိတဗ္ဗော

ဝိညူဟိ။


_/|\_အနက်အကျဉ်းချုပ်_/|\_

(၁) ဘဂ၀တာ၊ မြတ်စွာဘုရားသည်။

ဓမ္မော၊ မဂ်လေးတန်၊

ဖိုလ်လေးတန်၊ နိဗ္ဗာန်ပရိယတ်၊

ဆယ်ပါးသော တရားတော်မြတ်ကို။

သွာက္ခာတော၊ ကောင်းစွာ

ဟောကြားတော်မူအပ်ပါပေ၏။

(၂) သိန္ဒိဋ္ဌိကော၊ ကျင့်ဆဲခဏ

ယခုဘ၀၌ပင်လျှင်

သိမြင်ခံစားရသော

တရားတော်ဖြစ်ပါပေ၏။

(၃) အကာလိကော၊ အခါမလင့်

ကောင်းကျိုး ချမ်းသာကို

ပေးတတ်ပါပေ၏။

(၄) ဧဟိပသိကော၊ လာပါ၊ ရူပါ၊

ကျင့်ကြပါ ဟု

ဖိတ်ခေါ် ထိုက်သောတရား

ဖြစ်တော်မူပါပေ၏။

(၅) သြပနေယျိကော၊

ကိုယ်၌မကွာ ကပ်၍

ဆောင်ထားအပ်သော

တရားတော်ဖြစ်ပါပေ၏။

(၆) ၀ိညို၊ ပညာရှိတို့သည်သာလျှင်။

ပစ္စတ္တံ ဝေဒိတဗ္ဗော၊

ကိုယ်စီကိုယ်င

ခံစား သိမြင်ရသော

တရားတော်ဖြစ်ပါပေ၏။

တရားဂုဏ်တော် ကဗျာ

တရားစစ်မှန် ကျင့်ကြံကြမှ၊

ချမ်းသာသုခ ရနိုင်မည်။

တရားတုတွေ ကျင့်နေကြလို့၊

ဗုဒ္ဓ၀ါဒ ပြယ်ရသည်။

ယခုမြန်မြန် အမှန်လမ်းသို့၊

တဖန်လှမ်းဖို့ ချိန်တော်ပြီ။

သို့မှတိုင်းပြည် ဘာသာရေးကြောင့်၊

သာယာအေးဆေး ရှိလိမ့်မည်။

တရားဂုဏ် အာရုံပြုရကျိုး

တရားမြတ်ဂုဏ် အာရုံညွတ်လို့၊

မပြတ်မလပ် အောက်မေ့လျှင်။

အမြဲတမ်းသာ ကောင်းစွာနိုးလို့၊

ကြီးမားဖွံ့ဖြိုး အကျိုးထင်။



_/|\_ရတနာသုံးပါး၏

ဂုဏ်တော်များ_/|\_

ဘုရားဂုဏ်တော် (၉)ပါး ပါဠိ

ဣတိပိ သော ဘဂ၀ါ -

- အရဟံ

- သမ္မာသမ္ဗုဒ္ဓေါ

- ၀ိဇ္ဇာစရဏသမ္ပန္နော

- သုဂတော

- လောက၀ိဒူ

- အနုတ္တရော ပုရိသဒမ္မသာရထိ

- သတ္ထာ ဒေ၀မနုသာနံ

- ဗုဒ္ဓေါ

- ဘဂ၀ါ။

_/|\_အနက်အကျဉ်းချုပ်_/|\_

(၁) သော ဘဂ၀ါ၊ ထိုမြတ်စွာဘုရားသည်။

ဣတိပိ၊

ဤသို့ ဗြဟ္မာ၊နတ်၊လူ သုံးဘုံသူတို့၏

ပူဇော်အထူကို

ခံတော်မူထိုက်သောကြောင့်။

အရဟံ၊ အရဟ မည်တော်မူ၏။

(၂) သော ဘဂ၀ါ၊ ထိုမြတ်စွာဘုရားသည်။

ဣတိပိ၊ ဤသို့ သိစရာမှန်သမျှကို

အကြွင်းအကျန်မရှိ

ဆရာမလို ကိုယ်တော်တိုင်

သိတော်မူသောကြောင့်။

သမ္မာသမ္ဗုဒ္ဓေါ၊

သမ္မာသမ္ဗုဒ္ဓမည်တော်မူ၏။

(၃) သော ဘဂ၀ါ၊ ထိုမြတ်စွာဘုရားသည်။

ဣတိပိ၊

ဤသို့ အသိဉာဏ်ဝိဇ္ဇာ၊

အကျင့်စရဏတို့နှင့်

ပြည့်စုံတော်မူသောကြောင့်။

ဝိဇ္ဇာစရဏသမ္ပန္နော၊

ဝိဇ္ဇာစရဏသမ္ပန္နမည်တော်မူ၏။

(၄) သော ဘဂ၀ါ၊ ထိုမြတ်စွာဘုရားသည်၊

ဣတိပိ၊

ဤသို့ကောင်းသော စကားကို

ဆိုတော်မူတတ်သောကြောင့်။

သုဂတော၊

သုဂတမည်တော်မူ၏။

(၅) သော ဘဂ၀ါ၊ ထိုမြတ်စွာဘုရားသည်၊

ဣတိပိ၊

ဤသို့ သတ္တလောက၊

သင်္ခါရလောက၊

သြကာသလောက ဟူသော

လောကသုံးပါးကို

ကောင်းစွာ သိမြင်တော်မူသောကြောင့်။

လောက၀ိဒူ၊

လောက၀ိဒူ မည်တော်မူ၏။

(၆) သော ဘဂ၀ါ၊ ထိုမြတ်စွာဘုရားသည်၊

ဣတိပိ၊

ဤသို့ အလုံးစုံသော သတ္တ၀ါတို့ကို

အတုမရှိ ယဉ်ကျေးအောင်

ဆုံးမတော်မူတတ်သောကြောင့်။

အနုတ္တရော ပုရိသဒမ္မသာရထိ၊

အနုတ္တရော ပုရိသဒမ္မသာရထိ

မည်တော်မူ၏။

(၇) သော ဘဂ၀ါ၊ ထိုမြတ်စွာဘုရားသည်၊

ဣတိပိ၊

ဤသို့ လူနတ်ဗြဟ္မာ

သတ္တ၀ါအားလုံးတို့၏

ရှေ့သွားလမ်းပြ ဆရာတစ်ဆူ

ဖြစ်တော်မူသောကြောင့်။

သတ္ထာ ဒေ၀မနုဿာနံ၊

သတ္ထာ ဒေ၀ မနုသာန မည်တော်မူ၏။

(၈) သော ဘဂ၀ါ၊

ထိုမြတ်စွာဘုရားသည်၊

ဣတိပိ၊

ဤသို့ သစ္စာလေးပါးတရားကို

ပိုင်းခြားထင်ထင်

သိမြင်တော်မူသောကြောင့်။

ဗုဒ္ဓေါ၊ ဗုဒ္ဓ မည်တော်မူ၏။

(၉) သော ဘဂ၀ါ၊

ထိုမြတ်စွာဘုရားသည်၊

ဣတိပိ၊

ဤသို့ ဘုန်းတော်အနန္တနှင့်

ပြည့်စုံတော်မူသောကြောင့်လည်း။

ဘဂ၀ါ၊ ဘဂ၀ါ မည်တော်မူ၏။


_/|\_ဗုဒ္ဓဂုဏ်တော် ကဗျာ_/|\_

ဗုဒ္ဓကြောင်းရာ ကောင်းစွာသိမှ၊

ဗုဒ္ဓကိုလည်း ကြည်ညို မည်။

ကြည်ညို သူတွေ ဟောညွှန်ပြမှ၊

စိတ်ကနှစ်ခြိုက် လိုက်ကြသည်။

ဂုဏ်တော် တန်တန် မှန်မှန်ရလို့၊

ခဏ ခဏ ရွတ်သင့်သည်။

ရွတ်သော်ရန်စွယ် အန္တရာယ်ကင်းလို့၊

ကောင်းခြင်းသုခ ရလိမ့်မည်။

ဘုရားဂုဏ်အာရုံပြုအကျိုး

ဘုရားမြတ်ဂုဏ် အာရုံညွတ်လို့၊

မပြတ်မလပ် အောက်မေ့လျှင်။

အမြဲတမ်းသာ ကောင်းစွာနိုးလို့၊

ကြီးမားဖွံ့ဖြိုး အကျိုးထင်။

_/|\_အရပ်ဆယ်မျက်နှာ

မေတ္တာပို့_/|\_

အရှေ့အရပ်၌ရှိသော

အနန္တစကြ၀ဠာ

အနန္တသတ္တ၀ါတို့

ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။

ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။

ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။

နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

အနောက်အရပ်၌ရှိသော

အနန္တစကြ၀ဠာ

အနန္တသတ္တ၀ါတို့

ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။

ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။

ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။

နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

မြောက်အရပ်၌ရှိသော

အနန္တစကြ၀ဠာ

အနန္တသတ္တ၀ါတို့

ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။

ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။

ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။

နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

တောင်အရပ်၌ရှိသော

အနန္တစကြ၀ဠာ

အနန္တသတ္တ၀ါတို့

ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။

ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။

ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။

နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

အနောက်တောင်ထောင့်

အရပ်၌ရှိသော

အနန္တစကြ၀ဠာ

အနန္တသတ္တ၀ါတို့

ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။

ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။

ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။

နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

အနောက်မြောက်ထောင့်

အရပ်၌ရှိသော

အနန္တစကြ၀ဠာ

အနန္တသတ္တ၀ါတို့

ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။

ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။

ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။

နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

အရှေ့မြောက်ထောင့်

အရပ်၌ရှိသော

အနန္တစကြ၀ဠာ

အနန္တသတ္တ၀ါတို့

ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။

ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။

ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။

နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

အရှေ့တောင်ထောင့်

အရပ်၌ရှိသော

အနန္တစကြ၀ဠာ

အနန္တသတ္တ၀ါတို့

ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။

ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။

ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။

နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

အောက်အရပ်၌ရှိသော

ထက်ဝန်းကျင်

အနန္တစကြာဝဠာ

အပါယ်ဘုံသား

အနန္တသတ္တ၀ါတို့

ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။

ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။

ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။

နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

အထက်အရပ်၌ရှိသော

ထက်ဝန်းကျင်

အနန္တစကြ၀ဠာ

အနန္တ နတ်ဗြဟ္မာတို့

ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။

ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။

ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။

နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

_/|\_.♠._/|\_.♠._/|\_


_/|\_မေတ္တာပို့ _/|\_

၁။ လုံးစုံများစွာ ၊ သတ္တ၀ါ ၊

ချမ်းသာကိုယ်,စိတ် မြဲပါစေ…

ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး ၊

ငြိမ်အေးကြပါစေ….။

၂။ ကြောက်တတ်,မကြောက်တတ် ၊

နှစ်ရပ်များစွာ ၊ သတ္တ၀ါ ၊

ချမ်းသာကိုယ်,စိတ် မြဲပါစေ…

ဥပါဒ်ရန်ဘေး ၊ ကင်းစင်ဝေး ၊

ငြိမ်အေးကြပါစေ….။

၃။ မြင်အပ်,မမြင်အပ် ၊

နှစ်ရပ်များစွာ ၊ သတ္တ၀ါ ၊

ချမ်းသာကိုယ်,စိတ် မြဲပါစေ…

ဥပါဒ်ရန်ဘေး ၊ ကင်းစင်ဝေး ၊

ငြိမ်အေးကြပါစေ….။

၎။ ဝေးနေ,နီးနေ ၊

နှစ်ထွေများစွာ ၊ သတ္တ၀ါ ၊

ချမ်းသာကိုယ်,စိတ် မြဲပါစေ…

ဥပါဒ်ရန်ဘေး ၊ ကင်းစင်ဝေး ၊

ငြိမ်အေးကြပါစေ….။

၅။ ဘ၀ဇာတ်ဆုံး ၊

မဆုံးများစွာ ၊ သတ္တ၀ါ ၊

ချမ်းသာကိုယ်,စိတ် မြဲပါစေ…

ဥပါဒ်ရန်ဘေး ၊ ကင်းစင်ဝေး ၊

ငြိမ်အေးကြပါစေ….။

၆။ ရှည်,တို,အလက် ၊

သုံးရပ်ခန္ဓာ ၊ သတ္တ၀ါ ၊

ချမ်းသာကိုယ်,စိတ် မြဲပါစေ…

ဥပါဒ်ရန်ဘေး ၊ ကင်းစင်ဝေး ၊

ငြိမ်အေးကြပါစေ….။

၇။ ကြီး,ငယ်,အလတ် ၊

သုံးရပ်ခန္ဓာ ၊ သတ္တ၀ါ ၊

ချမ်းသာကိုယ်,စိတ် မြဲပါစေ…

ဥပါဒ်ရန်ဘေး ၊ ကင်းစင်ဝေး ၊

ငြိမ်အေးကြပါစေ….။

၈။ စူ,ကြုံ,အလတ် ၊

သုံးရပ်ခန္ဓာ ၊ သတ္တ၀ါ ၊

ချမ်းသာကိုယ်,စိတ် မြဲပါစေ…

ဥပါဒ်ရန်ဘေး ၊ ကင်းစင်ဝေး ၊

ငြိမ်အေးကြပါစေ….။

၉။ လူအချင်းချင်း ၊

လှည့်ပတ်ခြင်း ၊

ကင်းရှင်းကြပါစေ ။

၁၀။ အထင်သေးခြင်း ၊

အချင်းချင်း ၊

ကင်းရှင်းကြပါစေ..။

၁၁။ ဆင်းရဲလိုခြင်း ၊

အချင်းချင်း ၊

ကင်းရှင်းကြပါစေ…။


_/|\_အမျှဝေ_/|\_

ယနေ့ယခု ပြလုပ်ရသော

ဤကုသိုလ်ကောင်းမှု၏

အဖို့ဘာဂကို ရှေးရှေးဘ၀,

ယခုဘ၀ တော်စပ်ကြသော

အမိအဖ အဘိုးအဘွား

ဆရာသမားတို့နှင့်တကွ 

ငရဲသနင်း-ယမမင်း ၊

လူတို့သနင်း-ပြည့်ရှင်မင်း၊

နတ်တို့သနင်း-

သကြားမင်းတို့အားလည်း

ပေးဝေငှပါ၏…။

ယနေ့ယခုပြုလုပ်ရသော

ဤကုသိုလ်ကောင်းမှု၏

အကျိုးကြောင့်

ဖြစ်လေရာဘ၀တိုင်း၌

သဒ္ဓါ..သီလ..သုတ..စာဂ..

ပညာ..ဟိရီ..သြတ္တပ္ပ-တည်းဟူသော

သူတော်ကောင်းတရား (၇)ပါးတို့ကို

ရရှိခံစား စံစားရ၍

အဆုံးစွန်သောဘ၀၌

နိဗ္ဗာန်ချမ်းသာရရပါလို၏

အရှင်ဘုရား..။

ယနေ့ယခု ပြုလုပ်ရသော

ဤကုသိုလ်ကောင်းမှုကို

အားလုံးသော

မြင်အပ်,မမြင်အပ်

သတ္တ၀ါအပေါင်းတို့နှင့်တကွ

သုံးဆယ့်တစ်ဘုံ၌

ကျင်လည်ကုန်သော ဝေနေယျ..

သုခိတ..ဒုက္ခိတ

သတ္တ၀ါအပေါင်းတို့အား

ပေးဝေပါ…။

သူတော်ကောင်းတို့

ပေးဝေသော

ကုသိုလ်ကောင်းမှုကိုလည်း

ကျွန်ုပ်က ခံယူပါ၏….



_/|\_အမျှဝေရန်_/|\_

ဤသို့ပြုရ၊ မြတ်ပုညကို၊

ကြီးထမြင့်ခေါင်၊ မြင်းမိုရ်တောင်ဦး၊

မကကျူးသား၊ ကျေးဇူးအရှင်၊

မွေးမိခင်နှင့် ဖခင်တို့အား၊

ရငြားပါစေ အမျှဝေ၏။

မသွေနိစ္စ၊ ဤကာယကို၊

စောင့်ထပေလတ်၊

ကိုယ်စောင့်နတ်လည်း၊

မလပ်စေရ၊ ပေးဝေငှ၏။

မိတ္တဆွေဉာ၊ ဆရာသမား၊

ဘိုးဘွားကစ၊ ယမရာဇာ၊

ဒေဝါယက္ခ၊ ဣန္ဒဘုမ္မာ၊

အာကာသနတ်၊

အထူးမှတ်၍၊ မပြတ်ပုည၊

ကုသလကို၊ ရကြပါစေ၊

အမျှဝေ၏။

သဗ္ဗေသတ္တာ၊ သတ္တဝါဟု၊

နာနာလောက၊ အနန္တတွင်၊

မပြတ်စဉ်ကာ၊

သတ္တဝါသ၊ ဘုံကိုးဝနှင့်၊

ဝိညာဏဋ္ဌိတိ၊

တည်ရှိခုနှစ်ပါး၊ များစွာလုံးစုံ၊

ဘုံသုံးဆယ့်တစ်၊

ဖြစ်ဖြစ်သမျှ၊ ဝေနေယျအား၊

အမျှကုသိုလ်၊ ပေးဝေလို၏။

ထိုကုသလ၊ ဤပုညကို၊

အမျှရကြသည်၊

ဖြစ်စေသော်ဝ်။

ဝဿုန္ဒရေ၊ ဤမြေပံသု၊

သိလာထုလည်း၊

သက်သေအမှု၊ တည်စေသော်ဝ်။

အားလုံး ကြားကြသမျှ

အမျှ၊ အမျှ၊ အမျှ၊

ယူတော်မူကြပါကုန်လော့။

သာဓု - သာဓု - သာဓု

_/|\__/|\__/|\__/|\_

_/|\_ဗုဒ္ဓ၀င်အကျဉ်း_/|\_

၁။ ဗျာဒိတ်ခံယူသောဘ၀ -

သုမေဓာရှင်ရသေ့ဘ၀၊

၂။ ဗျာဒိတ်ခံယူသောနေ့ -

ကဆုန်လပြည့်နေ့၊

၃။ ဗျာဒိတ်ပေးသောဘုရား -

ဒီပင်္ကရာဘုရား၊

၎။ ပါရမီဖြည့်ဖက် -

သုမိတ္တာအမျိုးသမီး၊

၅။ ပါရမီဖြည့်ရာကာလ -

လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်း

(သုမေဓာရှင်ရသေ့ဘ၀မှ

ဝေဿန္တရာဘ၀ထိ)

၆။ ဖြည့်ခဲ့သောပါရမီများ -

ဒါနစသော ပါရမီ(၁၀)ပါး၊

၇။ ပါရမီဖြည့်ရခြင်း၏ရည်ရွယ်ချက် -

သတ္တ၀ါများ၏

အကျိုးဆောင်ရွက်ရန်၊

၈။ နောက်ဆုံးစံခဲ့သောနတ်ပြည် -

တုသိတာနတ်ပြည်၊

၉။ နတ်သားအမည် -

သေတကေတုမည်သောနတ်သား၊

၁၀။ ဘုရားဖြစ်ရန် တောင်းပန်သူ -

နတ်၊ ဗြဟ္မာများ၊

၁၁။ ကြည့်ခြင်းကြီးငါးပါး -

ကာလ၊ ဒီပ၊

ဒေသ၊ ကုလ၊

မာတုအာယုပရိစ္ဆေဒ၊

၁၂။ မယ်တော်အိပ်မက် -

နတ်မင်းများကအနောတတ္တအိုင်မှ

ရေကိုသယ်ပြီးချိုးပေးခြင်း၊

ကျာက်ဖျာမှာအိပ်၊

ဆင်ဖြူတော်ဝင်သည်ဟုမက်၊

၁၃။သန္ဓေယူသောနေ့ -

မဟာသက္ကရာဇ်(၆၇)ခု၊

ဝါဆိုလပြည့်

ကြာသပတေးနေ့၊

၁၄။ မိဘအမည် -

သုဒ္ဓေါဒန၊ မာယာဒေ၀ီ၊

၁၅။ နေပြည်တော် -

ကပိလ၀တ်ပြည်(သက္ကတိုင်း)၊

၁၆။ အမျိုးအနွယ် -

သာကီဝင်မင်းမျိုး၊

၁၇။ ဖွားသောနေ့ -

မဟာသက္ကရာဇ်(၆၈)ခု၊

ကဆုန်လပြည့် သောကြာနေ့၊

၁၈။ဖွားရာဌာန -

လုမ္ဗိနီ ဥယျာဉ်

(ကပိလ၀တ်နှင့် ဒေ၀ဒဟကြား)၊

၁၉။ ဖွားကာစ စကား -

အဂ္ဂေါဟမသ္မိံ လောကဿ၊

ဇေဋ္ဌောဟမသ္မိံ လောကဿ၊

သေဋ္ဌော ဟမသိံ္မ

လောကဿ၊

၂၀။ ဖွားခါစခြေလှမ်း -

မြောက်အရပ်သို့ (၇)လှမ်း၊

၂၁။ ဘုရားဖြစ်မည်ဟု ဧကန်ဟောသူ -

ကောဏ္ဍညပုဏ္ဏား၊

၂၂။ မိထွေးတော်အမည် -

ဂေါတမီ၊

၂၃။ မင်းသားအမည် -

သိဒ္ဓတ္ထမင်းသား၊

၂၄။ ဖွားဖက်တော်များ -

ယသော်ဓရာ၊ အာနန္ဒာ၊

ဆန္ဒအမတ်၊ ကာလုဒါယီအမတ်၊

ကဏ္ဍကမြင်း၊ဗာဓိပင်၊

ရွှေအိုး(၄)လုံး၊

၂၅။ မင်းသားငယ်ကိုမြင်၍

ငိုသောရသေ့ -

ဒေ၀ီလရသေ့၊

၂၆။ ပြသောအတတ်ပညာ -

လေးအတတ်ပညာ၊

၂၇။ ကြင်ယာတော် -

ယသော်ဓရာ၊

၂၈။ စံသောနန်းပြဿဒ် -

နွေရာသီစံဘုံ(၅)ဆင့်ရှိ

(ရမ္မ)၊

ဆောင်းရာသီစံဘုံ(၇)ဆင့်ရှိ

(သုရမ္မ)၊

မိုးရာသီစံဘုံ(၉)ဆင့်ရှိ

(သုဘ)၊

၂၉။ရင်သွေးတော် -

ရာဟုလာ၊

၃၀။ နန်းစံသောနှစ် -

၁၃ နှစ်

(၁၆နှစ် မှ ၂၉နှစ်အထိ)၊

၃၁။ မြင်သောနိမိတ် -

သူအို၊ သူနာ၊ သူသေ၊ ရဟန်း၊

(လေးလတစ်ကြိမ်တွေ့မြင်သည်)၊

၃၂။ တောထွက်သောအသက် -

(၂၉)နှစ်၊

၃၃။ တောထွက်သောနေ့ -

မဟာသက္ကရာဇ်(၉၇)ခု၊

ဝါဆိုလပြည့်၊ တနင်္လာနေ့၊

သန်းခေါင်ယံအချိန်၊

၃၄။ တောထွက်ချိန်ပါသူ -

ကဏ္ဍကမြင်းနှင့်

မြင်းပြီးဆွဲမောင်ဆန်၊

၃၅။ ဖြတ်ကူးသောမြစ် -

အနော်မာမြစ်၊

၃၆။ ပယ်သောအရာ -

ဆံတော်နှင့်အ၀တ်၊

၃၇။ ဆံတော်တည်ရာစေတီ -

တာဝတိံသာနတ်ပြည်

စူဠာမဏိစေတီ၊

၃၈။ အ၀တ်တော်စေတီ -

ဗြဟ္မာပြည် ဒုဿစေတီ၊

၃၉။ သင်္ကန်းပရိက္ခရာလှူသူ -

ဃဋိကာရဗြဟ္မာ၊

၄၀။ တောထွက်ပြီးစ ဦးစွာဆရာ -

အာဠာရ ရသေ့၊ ဥဒကရသေ့၊

၄၁။ ဒုက္ကရစရိယာကျင့်ရာဋ္ဌာန -

ဥရုဝေဠတော၊

၄၂။ ဒုက္ကရစရိယာကျင့်သောနှစ် -

(၆)နှစ်၊

၄၃။ ဘုရားဖြစ်သောနှစ် -

မဟာသက္ကရာဇ်(၁၀၃)ခု၊

ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့၊

၄၄။ ဘုရားဖြစ်ချိန်အသက် -

(၃၅)နှစ်၊

၄၅။ ဘုရားဖြစ်ချိန်လူတို့သက်တမ်း -

(၁၀၀)နှစ်၊

၄၆။ ဒုက္ကရစရိယာကျင့်ချိန်အလုပ်အကြွေး-

ပဉ္စ၀ဂ္ဂီငါးဦး၊

၄၇။ ဃနာနို့ဆွမ်းကပ်လှူသူ -

သုဇာတာအမျိုးသမီး

(သေနနိဂုံး)။

၄၈။ ရွှေခွက်မျှောသောမြစ် -

နေရဉ္စရာမြစ်၊

၄၉။ ရွှေခွက်သိမ်းသူ -

ကာလနဂါး၊

၅၀။ ဗောဓိပင်သွားမြက်လှူသူ -

သောတ္ထိယမြက်ရိတ်သမား၊

၅၁။ မြက်မှဖြစ်သောအရာ -

ရွှေပလ္လင်၊

၅၂။ ဘုရားအောင်မြင်သောအရာ -

ဗောဓိပင်နှင့် ရွှေပလ္လင်၊

၅၃။ ရွှေပလ္လင်လာလုသူ -

ဝသ၀တ္တီနတ်ပြည်နေ

မာရ်နတ်၊

၅၄။ ဘုရားဘက်မှသက်သေပြုသူ -

ဝသုန္ဒရေ မြေစောင့်နတ်၊

၅၅။ ဘုရားကိုလာ၍ဖျားရောင်းသူ -

တဏှာ၊ အရတီ၊ ရာဂါ

(မာရ်နတ်၏ သမီးများ)၊

၅၆။ ဘုရားရှင်ရှေးဦးစွာရသောဥာဏ်များ-

ပထမယာမ်၌ ပုဗ္ဗေနိဝါသဥာဏ်၊

ဒုတိယယာမ်၌ ဒိဗ္ဗစက္ခုဥာဏ်၊

တတိယ ယမ်၌ အာသ၀က္ခယဥာဏ်။

၅၇။ဘုရားရှင်၏ ပထမဗုဒ္ဓ၀စန -

အနေကဇာတိသံသာရံ စသော

စိတ်ထဲမှ ဆင်ခြင်သောစကား၊

၅၈။ ခုနှစ်ရက် ခုနှစ်လီ သတ္တဟများ -

ပလ္လင်္က သတ္တာဟ၊

အနိမိသသတ္တာဟ

ရတနစင်္ကမသတ္တာဟ၊

အဇပါလ သတ္တာဟ၊

မုစလိန္ဒသတ္တာဟ၊

လင်းလွန်းပင်သတ္တာဟ၊

ရတနဃရသတ္တာဟ၊

၅၉။ မာရ်နတ်၏ သမီးများ

လာဖြားယောင်းသော သတ္တာဟ -

အဇပါလသတ္တာဟ၊

၆၀။ သုတ်၊ အဘိဓမ္မာ၊ ၀ိနည်းကို

ဆင်ခြင်သောသတ္တာဟ -

ရတနဃရ သတ္တာဟ၊

၆၁။ တပုဿ၊ ဘလ္လိကတို့ကို

ဆံတော်ပေးသောသတ္တာဟ -

လင်းလွန်းပင်သတ္တာဟ၊

၆၂။ ဘုရားရှင်တရားဟောရန်

တောင်းပန်သူ -

သဟမ္ပတိဗြဟ္မာ၊

၆၃။ ဘုရားရှင် ဗောဓိပင်အကြွလမ်းမှာ

တွေ့သူတက္ကဒွန်း - ဥပက၊

၆၄။ ဓမ္မစကြာဟောသောနေ့ -

(၁၀၃)ခု၊ ၀ါဆိုလပြည့်၊

စနေနေ့၊

၆၅။ ပထမဦးဆုံးရဟန္တာဖြစ်သူ -

ရှင်ကောဏ္ဍည၊

၆၆။ ဒွေဝါစိကသရဏဂုံတည်သူ -

တပုဿနှင့် ဘလ္လိက၊

၆၇။ တေ၀ါစိက သရဏဂုံတည်သူ -

ယသ သတို့သားမိသားစု၊

၆၈။ လက်ယာရံ အဂ္ဂသာဝက -

ရှင်သာရိပုတြာ၊

၆၉။ လက်ဝဲရံ အဂ္ဂသာဝက -

ရှင်မဟာမောဂ္ဂလာန်၊

၇၀။ ဘုရားရှင်အဆုံးအမ -

ပရိယတ္တိ၊ ပဋိပတ္တိ၊

ပဋိဝေဓ၊

၇၁။ ကျင့်စဉ်သိက္ခာ -

သီလ၊ သမာဓိ၊ ပညာ၊

၇၂။ ချမှတ်သောလမ်းစဉ် -

မဂ္ဂင်ရှစ်ပါး၊

မဇ္ဈိမပဋိပဒါလမ်းစဉ်၊

၇၃။ တရားဟောသောနှစ် -

(၄၅)၀ါ၊

၇၄။ ဟောခဲ့သောတရားပေါင်း -

ဓမ္မက္ခန္ဓာပေါင်း (၈၄၀၀၀)၊

၇၅။ ဘုရားရှင်အားလုပ်ကြွေးသူ -

ရှင်အာန္ဒာ၊

၇၆။ နောက်ဆုံးဆွမ်းလှူသူ -

စုန္ဒသူကြွယ်၊

၇၇။ နောက်ဆုံးကျွတ်သူ -

သုဘဒ္ဒပရိဗိုဇ်၊

၇၈။ နောက်ဆုံးစကား -

ဟန္ဒဒါနိ ဘိက္ခဝေ

အာမန္တယာမိ ဝေါ

ဝယဓမ္မာ အပ္ပမာဒေန

သမ္ပာဒေထ၊

၇၉။ ပရိနိဗ္ဗာန်ပြုသောအသက် -

သက်တော်(၈၀)၊

၈၀။ ပရိနိဗ္ဗာန်စံသောနေ့ -

မဟာသက္ကရာဇ်(၁၄၈)ခု၊

ကဆုန်လပြည့်၊ အင်္ဂါနေ့၊

၈၁။ ပရိနိဗ္ဗာန်ပြုရာအရပ် -

မလ္လာတိုင်း၊ မလ္လာမင်းတို့၏

အင်ကြင်းဥယျာဉ်၊

၈၂။ တေဇောဓာတ်လောင်သောနေ့ -

(၁၄၈)ခု၊

ကဆုန်လဆုတ်(၁၂)ရက်၊

တနင်္ဂနွေနေ့၊

၈၃။ ဓာတ်တော်ဝေသောပုဏ္ဏား -

ဒေါနပုဏ္ဏား၊

၈၄။ ကြွင်းသောဓာတ်တော် -

၈ စိတ် (၂တင်း)၊

၈၅။ မပြိုကွဲသောဓာတ်တော် -

စွယ်တော်လေးဆူ၊

ညှပ်ရိုးတော်နှစ်ဆူ၊

နဖူးသင်းကျစ်တစ်ဆူ။



_/|\_ပါရမီ (၁၀)ပါး_/|\_


၁။ ဒါန = ပေးလှူခြင်း ။

၂။ သီလ = ကိုယ်နှုတ်စောင့်ထိန်းခြင်း ။

၃။ နေက္ခမ္မ =

ကိလေသာတောမှထွက်ခြင်း ။

၎။ ပညာ = အကြောင်းအကျိုး

ဆင်ခြင်ထိုးထွင်းသိခြင်း ။

၅။ ၀ီရိယ =

အားစိုက်ကြိုးစား လုံ့လရှိခြင်း ။

၆။ ခန္တီ = သည်းခံခြင်း ။

၇။ သစ္စာ = ဖြောင့်မတ်/မှန်ကန်ခြင်း ။

၈။ အဓိဋ္ဌာန် =

အဓိဋ္ဌာန်တည်ဆောက်ခြင်း၊

ပြတ်သားသောဆန္ဒ ။

၉။ မေတ္တာ =

စင်ကြယ်သောချစ်ခြင်း ။

၁၀။ ဥပေက္ခာ =

လစ်လျူရှုခြင်း/အသင့်အားဖြင့် ။

အတိုမှတ်ရန် …

ဒါ ၊ သီ ၊ တော ၊ ပ ၊ အား ၊

ခံ ၊ ဖြောင့် ၊ ဌာန် ၊ ပွား ၊

လစ်လျူ ။


_/|\_သရဏဂုံတည်ခြင်း

အကျိုး_/|\_

ဘုရား

တရား

သံဃာ ရတနာသုံးပါးကို

ယုံကြည်ဆည်းကပ်ခြင်းသည်

သရဏဂုံတည်ခြင်း ဖြစ်ပါသည် ။

သရဏဂုံတည်ခြင်း အကျိုး

(၅) မျိုးရှိပါတယ်။

(၁) ဘယ -

ဘေးရန်ကင်းရှင်း စေပါသည် ။

(၂) သန္တာသ -

ကြောက်ရွံမှု ပူလောင်မှု

မှန်သမျှကို

ပျောက်ကင်းစေပါသည် ။

(၃) ဒုက္ခ -

ကိုယ်ဆင်းရဲခြင်း

စိတ်ဆင်းရဲခြင်းကိုလည်း

ပျောက်ကင်းစေပါသည် ။

(၄) ဒုဂတိ -

အပါယ်လေးဘုံ

ကျရောက်မည့် ဘေးကိုလည်း

ပယ်ပျောက်စေပါသည် ။

(၅) ပရိကိလေသ -

မိမိစိတ်၏ ညစ်နွမ်းမှု

မှန်သမျှတွေကိုလည်း

ပယ်ပျောက်စေပါသည် ။


_/|\_အပယ်မကျနိုင်တဲ့

ကုသိုလ်(၇)မျိုး_/|\_

(၁) ဘုရား တရား သံဃာ

သံရဏဂုံသုံးပါး စွဲမြဲတဲ့ပုဂ္ဂိုလ်

(၂) ငါးပါးသီလမြဲသော ပုဂ္ဂိုလ်

(၃) အာရုံဆွမ်း နေဆွမ်း

နေ့စဉ် လှူဒါန်းတဲ့ပုဂ္ဂိုလ်

(၄) စာရေးတံမဲ

လှူဒါန်းတဲ့ ပုဂ္ဂိုလ်

(၅) ၀ါဆိုသင်္ကန်း

လှူဒါန်းတဲ့ ပုဂ္ဂိုလ်

(၆) ရေတွင်းရေကန်

လှူဒါန်းတဲ့ ပုဂ္ဂိုလ်

(၇) ကျောင်းဆောင်

လှူဒါန်းတဲ့ ပုဂ္ဂိုလ်

_/|\__/|\__/|\__/|\_

_/|\_မှတ်သားဖွယ်

ဆောင်ပုဒ်_/|\_


လက်ရှိခန္ဓာ ၊ မတွယ်တာနှင့် ၊

နောင်လာဘ၀ ၊

မတောင့်တဘဲ ၊

ကြောင့်ကြစွဲဖြင့် ၊

အမြဲမပြတ် ၊ ၀ိပဿနာ ၊

လေ့လာကြိမ်ဖန် ၊

အာစိဏ္ဏကံ ၊

ဖြစ်ကြောင်းမှန်မူ ၊

ထိုသည့်သူကား ၊

အယူမလွဲ ၊ကတိမြဲ၏ ။

မီးလောင်စွဲမှ ၊

ရေကိုတ သော် ၊

မရဖြစ်အင် ၊ ပုံနှိုင်းယှဉ်၍ ၊

 မဂ္ဂင်သန္ဓေ ၊တည်မြဲနေအောင် ၊

မသေခင်က ၊

ပြင်ဆင်တောက်လျှောက် ၊

မေ့မပျောက်နှင့် ၊

ချွေးပေါက်ယိုစီး ၊

သေခါနီးဝယ် ၊ အပြီးမုချ ၊

မဂ္ဂင်ရလိမ့် ၊ ကိစ္စမလျော် ၊

အကြောင်းပေါ်၍ ၊

မတော်တဆ ၊ မဂ်မရဦး ၊

ဘ၀အမွန် ၊ တမလွန်တွင် ၊

ထူးချွန်အံ့လောက် ၊

နတ်ပြည်ရောက်၍ ၊

မဖောက်မပြန် ၊

သောတာပန်စစ် ၊

ဧကန်ဖြစ်မည် ၊

မလစ်ဝိပဿနာ

အကျိုးပေတည်း ။

_/|\__/|\__/|\__/|\_



_/|\_အဆုံးအမ အသိပေး

စကားစုများ_/|\_


၁။ စိတ်ဆိုးနေတဲ့ အခါ

ကောင်းတဲ့ စိတ်နဲ့ လဲလိုက်ပါ။

ရူပ်နေရင်

ရှင်းတဲ့ စိတ်နဲ့ လဲလိုက်ပါ။

ပူနေရင်

အေးတဲ့ စိတ်နဲ့ လဲလိုက်ပါ။

နောက်နေရင်

ကြည်တဲ့ စိတ်နဲ့ ချက်ချင်းလဲလိုက်ပါ။


၂။ ကောင်းတာကို

လုပ်ဖို့ လွယ်ရင်

ကောင်းတဲ့ လူ။

မကောင်းတာကို

လုပ်ဖို့ လွယ်တယ်ဆိုရင်

? ။


၃။ သူများရဲ့

ပေးစာ ကျွေးစာ

တစ်ထောင်ဖိုး

စားရတာထက်

ကိုယ့်လုပ်စာ

တစ်ကျပ်ဖိုးက

ပိုပြီးမြိန်ပါတယ်။


၎။ လေးစားထိုက်တဲ့သူရဲ့

စကားကိုမှ

နားထောင်ကြတာ။

ကိုယ့်စကား

နားထောင်စေချင်ရင်

လေးစားထိုက်အောင် နေပေါ့။


၆။ ၀မ်းသာစရာတွေလည်း

ကြုံခဲ့ဖူးပါပြီ။

ဝမ်းနည်းစရာတွေလည်း

ဆုံခဲ့ဖူးပါပြီ။

ဘာမျှ

မယ်မယ်ရရ မရှိခဲ့ပါဘူး။

အသိဥာဏ်တိုးပြီး

လူဖြစ်ရကျိုးနပ်တယ် ဆိုလို့

တော်သေးတာပေါ့။


၇။ “ ငါ အတော်ဆုံး ” လို့

ထင်နေရင်

“ အဖျင်းဆုံး ”

အဆင့်ကို

ရောက်သွားပြီ။


၈။ တခြားပစ္စည်းတွေကို

ရောင်းလိုက်ရင်

အရူံး မဟုတ်ရင်

အမြတ် ရသေးတယ်။

စိတ်ချမ်းသာမူကို

ရောင်းစားရင်

အရူံးနဲ့ပဲ ရင်ဆိုင်ရမယ်။

စိတ်ချမ်းသာမူကို

ဘာနဲ့မျှ

ရောင်းမစားပါနဲ့။


၉။ ကောင်းတဲ့ အလုပ်ဟာ

နောက်ကျတယ် ဆိုတာ

မရှိပါဘူး။

လုပ်ငန်း

မစ ရသေးတာပဲရှိတယ်။


၁၀။ စေတနာကောင်းနဲ့

ပြည့်ပြည့်စုံစုံ

ကျွေးလိုက်ရလို့

ဝမ်းသာတယ် ဆိုရင်

သူ စားနိုင်သလောက်

စား တာကိုလည်း

ကျေနပ်နိုင်ပါစေ။


၁၁။ “မမှားသော ရှေ့နေ

မသေသော ဆေးသမား” တဲ့

ဒီဖြေဆေးဟာ

ဆေးယဉ် သွားရင်

ရောဂါကျွမ်းတတ်တယ်။

မမှားတာ

အကောင်းဆုံးပဲ။


၁၂။ အမြင့် ရောက်မှ

အမြင်ကျယ်တာထက်

အမြင်ကျယ်လို့

အမြင့်ရောက်တာက

ပိုကောင်းတယ်။


၁၃။ “ဘေး” ကို

ကြည့်လွန်းအားကြီးရင်

“ဘေး” တွေ့တတ်တယ်။


၁၄။ ဖြစ်ချင်တာကို

ဦးစားပေးခဲ့လွန်းလို့

ဖြစ်နိုင်တာတွေပါ

ဆုံးရူံးလိုက်ရပြီ။

ဖြစ်နိုင်တာကိုသာ

ဦးစားပေးရင်

ဖြစ်ချင်တာတွေပါ

အားလုံး ဖြစ်လာမယ်။


၁၅။ လုပ်သင့်တာကို

မလုပ်မိရင်

မလုပ်သင့်တာတွေ

လုပ်မိနေတတ်တယ်။

၁၆။ အမြဲတမ်း

သူ့ကိစ္စနဲ့ သူ

ရူပ်နေတာပါ လို့

နားလည်ရင်

ကိုယ့် အရူပ်

ထပ် မပေးလိုက်ပါနဲ့။


၁၇။ တစ်ခါမှားမိရင်ပဲ

ပေးဆပ်ရတဲ့ အကြွေးက

တိုး ရင်း ပေါင်း

များလှပါတယ်။

ပေးဆပ်လို့

မရနိုင်တဲ့

အမှားမျိုးကတော့

အဆိုးဆုံးပဲ။


၁၈။ အထွဋ်အထိပ်ကို

ရောက်သွားသူတိုင်း

အခက်အခဲတွေကို

ရင်ဆိုင်ခဲ့ရတာချည်းပါပဲ။


၁၉။ မြင်တဲ့ အတိုင်း

အမှန် ဖြစ်မှ

အမှန် အတိုင်း

မြင်တယ် ခေါ်တယ်။

မြင်တဲ့ အတိုင်း

မှန် မမှန်

ကြားတဲ့ အတိုင်း

မှန် မမှန်

ဆန်းစစ်တက်ရမယ်။


၂၀။ အရာရာကို

အောင်မြင်နိုင်ဖို့

မိမိရဲ့

အရာရောက်မူကို

မြှင့်တင်ပေးရမယ်။


၂၁။ အဟုတ်ပါလားလို့

ထင်ထားသမျှတွေဟာ

လွဲနေတတ်သလို

မဟုတ်ဘူးလို့

မြင်သမျှတွေကလည်း

မှန်နေတတ်ပြန်တယ်။


၂၂။ ကိုယ့် စကားကို

သူ နားထောင်စေချင်ရင်

သူ့ စကားကို

အရင် သေသေချာချာ

နားထောင်ပေးလိုက်ပါဦး။


၂၃။ “အရေးအကြီးဆုံး

ဆိုတာတွေဟာ

ဘာမျှ မဟုတ်ပါလား” လို့

နားလည်ပြီးတော့

“ ဘာမျှ မဟုတ်တဲ့ သဘော” ကို

သိဖို့က

အရေးကြီးဆုံးပါပဲ။


၂၄။ ကိုယ်ဖြစ်ချင်တာတွေသာ

ရှေ့တန်းတင်ရင်

ကိုယ့်အတွက်

အဆင်ပြေသလို

ထင်ရပေမယ့်

အများနဲ့တော့

အဆင်ပြေဖို့

မလွယ်ပါဘူး။


၂၅။ ကလေးမှားရင်

တစ်ပြား၊

လူကြီးမှားရင်

တစ်ဆယ်၊

ဘယ်အမှားမှ

မကောင်းဘူး။

တစ်ဆယ်က

ပိုဆိုးပါတယ်။


၂၆။ မေတ္တာ

ပို့နေရုံနဲ့

မဖြစ်သေးဘူး။

မေတ္တာဓာတ်တွေ

ရှိနေဖို့က

အရင် လိုအပ်တယ်။


၂၇။ “ဖြစ်လည်း ဖြစ်ချင်တယ်၊

ဖြစ်လည်း ဖြစ်သင့်တယ်”

ဆိုရင်တောင်မှ

ဖြစ်နိုင်တာကို

ရွေးပြီး လုပ်ပါ။


၂၈။ ဖြစ်ချင်တိုင်း

အဓိဋ္ဌာန်ရင်

အောင်မြင်ဖို့ မလွယ်ဘူး။

ဖြစ်နိုင်တာကို

ကြိုးစားမှ

အဓိဋ္ဌာန် အောင်မယ်။


၂၉။ ကောင်းတာကို

နားလည်သလောက်

လုပ်စမ်းပါ။

အလုပ် လုပ်ရင်းနဲ့

နားလည်လာလိမ့်မယ်။

သိသလောက် ကျင့်

ကျင့်သလောက်

သိလာလိမ့်မယ်။


၃၀။ ကိုယ်က ကြိုက်လို့

ကောင်းတာ ထက်

ကောင်းတာမို့လို့

ကြိုက်တယ် ဆိုရင်

အကောင်းဆုံးကို

ရနိုင်တာပေါ့။


၃၁။ အမှန်တရားက

နဂို ရှိပြီးသားပါ။

ဖန်တီးလို့ မရပါဘူး။

ဖန်တီးထားတဲ့

အမှန်တရား ဆိုတာလည်း

ဘယ်တော့မှ မတည်မြဲသလို

မှန်လည်း မမှန်နိုင်ပါဘူး။


၃၂။ ကော်ပတ်ရုပ်ကို

လူ အစစ်ထင်ပြီး

ပျော်တတ်တဲ့ ကလေး။

ကလေးတွေကို

ကော်ပတ်ရုပ် အစစ်ထင်ပြီး

ပျော်တတ်တဲ့ လူကြီး။

ကစားချင်သလို ကစား

ထားချင်သလို ထားလို့ရပေမယ့်

ကော်ပတ်ရုပ်ဟာ

ကောက်ပတ်ရုပ်ပါပဲ။


၃၃။ ယုံကြည်မူသက်သက်နဲ့

မျက်စိမှိတ်ပြီး

“အားကိုးရှာ”တတ်သလို

အသိဥာဏ်နဲ့

တစ်ဖက်သတ်ချိန်ထိုးပြီးလည်း

ရှာတတ်ကြတယ်။

ယုံကြည်မူနဲ့ အသိဥာဏ်

ညီမျှမှ

အားကိုးရာ အစစ်တွေ့မယ်။


၃၄။ လူမူရေးဆိုတဲ့ ကြိုးနဲ့

လူ့ဘောင်ကို

ဝိုင်းခပ်ထားတယ်။

လူကို မမူရင်

လူ့ဘောင်ရဲ့ ဘေးရောက်မယ်။

လူကို မူနေရင်လည်း

ဒီအသိုင်းအ၀ိုင်းက

မထွက်နိုင်တော့ဘူး။


၃၅။ ဂရု မစိုက်လို့

လူကိုမမူတဲ့

လူမူရေး။

ရရု စိုက်ပြီး

လူကို မူတဲ့

လူမူရေး။

ဂရု စိုက်ပြီး

လူကို မမူတဲ့

လူမူရေး လို့

သုံးမျိုး ရှိတယ်။


၃၆။ အခက်အခဲဆိုတာ

ဥာဏ်နဲသူအတွက်

ဘ၀ တစ်ခုလုံး

ကျိုးပျက်သွားတက်ပေမယ့်

အသိဥာဏ်ရှိသူအတွက်

ဘ၀ကြီး တစ်ခုလုံး

တိုးတက်သွားနိုင်တယ်။


၃၇။ အလုပ် လုပ်သူက

အပြော မသန်၊

အပြောသန်သူက

အလုပ် မလုပ်၊

ပြောသလောက်

လုပ်ပြီး

လုပ်သလောက် ပြော။

အပြောနည်းပြီး

အလုပ် လုပ်တာ

အကောင်းဆုံးပဲ။


၃၈။ လုံ့လရှိသူက

လက်ရုံး အားကိုး -

ကြင်နာတတ်သူက

နှလုံးသားနဲ့ စဉ်းစား -

စည်းကမ်းရှိသူက

ကိုယ်ကျင့်တရား

လက်ကိုင်ထား -

အသိဥာဏ်ရှိသူ

ဦးနှောက်နဲက ဆုံးဖြတ် -

မြင့်မြတ်သူက

အမှန်တရားပေါ် ရပ်တည်။


၃၉။ အကြိုက်ချင်း

မတူကြပါဘူး။

ကောင်းတာကို ကြိုက်ရင်

ကောင်းကြောင်းတော့

ပြောပေးလိုက်ပါ။

ကြိုက်အောင်တော့

အတင်း

မတိုက်တွန်းပါနဲ့။


၄၀။ “အစစ်” မဟုတ်သေးရင်

“အတု” လိုက်ရင်းနဲ့

တူပြီး အစစ်ဖြစ်သွားတယ်။

ကောင်းတာကို

အတု လိုက်ရင်

ကောင်းတာ ဖြစ်တယ်။

ဒီလို နားလည်ရင်

မကောင်းတာကို

အတု မလိုက်နဲ့။


၄၁။ လုပ်ကိုင်ချင်စိတ်ရယ်

ကျွမ်းကျင်မူရယ်

ရှိပြီး

လုပ်ကိုင်နေကျဆိုရင်

ဘယ်အလုပ်မဆို

လွယ်ကူသွားပါပြီ။


၄၂။ ဆုံးဖြတ်ရဲသူကို

ဇွတ်တရွတ်ဆန်တယ်။

ချင့်ချိန်တတ်သူကို

သူရဲဘော ကြောင်တယ်။

ရက်ရောသူကို

လက်ဖွာတယ်။

စည်းကမ်းနဲ့ ပေးသူကို

ကပ်စေးနည်းတယ်။

ဦးဆောင်နိုင်သူကို

နေရာယူတယ်။

ကျွမ်းကျင်သူကို

လည်လွန်းတယ်လို့

အထင်မလွဲပါနဲ့။


၄၃။ အော်

မကောင်လိုက်တာက

လောက။

အမြဲတမ်း

ကောင်းနေတာက

အသိဥာဏ်။


၄၄။ ပြဿနာဆိုတာ

လောကရဲ့

ဂုဏ်ပုဒ်တစ်ခုပါ။

ကိုယ်နဲ့ သိပ်မဆိုင်ရင်

ပြဿာနာက သေးတယ်။

များများ ဆိုင်ရင်

ပြဿနာက ကြီးလာပြီ။

လုံးဝ မဆိုင်ရင်တော့

ပြဿနာ မရှိတော့ပါဘူး။


ကိုးကား-

၁။ ပြည်ထောင်စု

မြန်မာနိုင်ငံတော် အစိုးရ

သာသနာရေးဝန်ကြီးဌာန

ဗုဒ္ဓဘာသာ တရားတော်

အခြေံခံအဆင့် စာအုပ်

၂။ဗုဒ္ဓ၀င်အကျဉ်းအား

ဗုဒ္ဓဘာသာယဉ်ကျေးမှု

နွေရာသီသင်တန်း စာအုပ်

ဖြူးသားလေး

www,facebook.com/

phyutharlaygeneralnotes

http://phyutharlaykyawzinhein.

blogspot.com

၁-၁၁-၂၀၁၃

သေကြာနေ့ 

<img>F1ED1797-77A8-4C55-AE35-891176D8559F.jpg</img>

<img>80FD29FC-A618-4125-8E9B-2007F3C6E5B1.jpg</img>

<img>56AA7FB5-6B78-40F5-BD13-6C48D0FB9542.jpg</img>

<img>CC886F82-1CA1-404E-BF5C-38DCAE678A64.jpg</img>

ไม่มีความคิดเห็น:

แสดงความคิดเห็น