วันพุธที่ 13 สิงหาคม พ.ศ. 2557

တစ်ခါတုန်း က လမ်းဘေး မှာ အသား ညှပ် ပေါင်မုန့် တွေ ရောင်းချ နေတဲ့ လူတစ်ဦး ရှိခဲ့...

တစ်ခါတုန်း က လမ်းဘေး မှာ အသား ညှပ် ပေါင်မုန့် တွေ ရောင်းချ နေတဲ့ လူတစ်ဦး ရှိခဲ့...
တစ်ခါတုန်း က လမ်းဘေး မှာ အသား ညှပ် ပေါင်မုန့် တွေ ရောင်းချ နေတဲ့ လူတစ်ဦး ရှိခဲ့ တယ်။
သူဟာ စာမတတ် တဲ့ အတွက် ကြောင့် ဘယ် တုန်း ကမှ သတင်း စာ မဖတ် ခဲ့ ပါဘူး။
သူဟာ နားထိုင်း တဲ့ အတွက်ကြောင့် ရေဒီယို လည်း နားထောင် ခြင်း မရှိ ခဲ့ပါဘူး။
သူ ဟာ မျက်စိ မှုန်တဲ့ အတွက်ကြောင့် ရုပ်မြင် သံကြား လည်း ကြည့်ရှု ခဲ့ခြင်း မရှိ ပါဘူး။
ဒါပေ မယ့် သူ ဟာ အသား ညှပ်ပေါင်မုန့် တွေ ကို စိတ်အား ထက်သန်စွာ ရောင်းချ ခဲ့တယ်။
သူ့ရဲ့ ရောင်းအား နဲ့ အကျိုး အမြတ် ဟာ မြင့်တက် လာခဲ့ တယ်။
သူဟာ အသား တွေ ပိုမှာရင်း ပိုကြီး ပြီး ပိုကောင်း တဲ့ မီးဖို တစ်ခု ကိုလည်း ဝယ်ယူ ခဲ့ပါတယ်။
သူ့ရဲ့ စီးပွားရေး တိုးတက် လာနေ စဉ် မကြာသေး မီက ဘွဲ့ရ ခဲ့တဲ့ သူ့သား ဟာ ဖခင် ဖြစ်သူထံ လာရောက် ပူးပေါင်း ပါတယ်။
အဲဒီ နောက် ထူးခြားမှု တစ်ခု ဖြစ်ပွား ခဲ့တယ်။
သား ဖြစ်သူက မေးလိုက် ပါတယ်။
“ဖေဖေ … ကျွန်တော် တို့ တွေ့ကြုံ လာရမယ့် စီးပွားရေး ကျဆင်းမှု ကို သတိ မပြုမိ ဘူး မဟုတ် လား”
ဖခင် ဖြစ်သူ က ပြန်ပြော လိုက်ပါတယ်။
“သတိ မပြုမိ ဘူး။ ဖေဖေ ကို ပြောပြ ပါလား ကွ။”
သား ဖြစ်သူ က ပြောပြ ပါတယ်။
“နိုင်ငံ တကာ အခြေ အနေ တွေ ဟာ ဆိုးရွား နေပါတယ်။
ပြည်တွင်း အခြေ အနေ က ပိုပြီး တောင် ဆိုးသေး တယ်။
ကျရောက် လာမယ့် အခက် အခဲတွေ အတွက် ကျွန်တော် တို့ ကြိုတင် ပြင်ဆင် ထားသင့် တယ်။”
သူ့သားဟာ ကောလိပ် တစ်ခုမှ ဘွဲ့ရ လာခဲ့သည့် အပြင် သတင်းစာ လည်း ဖတ်၊ ရေဒီယို လည်း နားထောင် တဲ့ အတွက် ကြောင့် အများ ကြီး သိလိမ့် မယ်။ သားရဲ့အကြံပေး မှုကို ပေါ့ပေါ့ တန်တန် သဘော မထားသင့် ဘူး လို့ ဖခင် ဖြစ်သူက တွေးလိုက် မိပါတယ်။
ဒါကြောင့် နောက် တစ်နေ့ မှာ ဖခင် ဖြစ်သူဟာ အသား တွေနဲ့ပေါင်မုန့် မှာ ယူမှု လျှော့ချ လိုက်ပြီး ဆိုင်းဘုတ် တစ်ခု လည်း ချိတ်ထား လိုက်တယ်။
ပြီးတော့ သူဟာ အလုပ် မှာ လည်း စိတ်အား ထက်သန်မှု မရှိ တော့ ပါဘူး။
မကြာမီ သူ့ရဲ့ အသား ညှပ် ပေါင်မုန့်ဆိုင်မှာ လာဝယ် တဲ့ လူတွေ နည်းနည်း လာတော့ တယ်။
ပြီးတော့ ရောင်းချ ရမှု လည်း အလျင် အမြန် လျော့ကျ လာခဲ့ တယ်။
ဖခင် က သား ဖြစ်သူ ကို ပြောလိုက် ပါတယ်။
“သားရေ … သားပြော တာ မှန်သား ပဲ။ ဖေဖေ တို့ ရောင်းအား ကျ နေပြီ။ ကြိုတင် ပြီး သတိပေး ခဲ့တဲ့ အတွက် သား ကို ကျေးဇူး တင် ပါတယ်။”
ZK

ไม่มีความคิดเห็น:

แสดงความคิดเห็น